သေသေချာချာသိမ်းထားပေးပါ

ငါဖွင့်ဖွင့်ဖတ်ခဲ့တဲ့ မျက်ဝန်းလေးရေ
နင်က ငါ့အတွက်
အဘိဓမ္မာဆိုလည်းဟုတ်တယ်
ခိုးကြောင်ခိုးဝှက်ရောင်းရတဲ့
မူးယစ်ဆေးဝါးလည်းဖြစ်တယ်
ဖြစ်ဖြစ်သမျှရဲ့
မွှေးရနံ့ဟာလည်းနင့်ကိုယ်သင်းနံ့ပဲဖြစ်မှာပဲ
သေသေချာချာသိမ်းထားပေးပါ
မျက်ဝန်းလေးရယ်
ငါ့ရဲ့ကမ္ဘာမှာ အရိုင်းအစိုင်းတွေ
ပေါများလွန်းလို့ပါ
အခုလည်း
ငှက်ဆိုးတစ်ကောင်က
ငါ့ပုခုံးပေါ်မှာနားလို့ ...
သေခြင်းတရားကို ပြေပြေပြစ်ပြစ်
ထိုးဆိတ်နေတယ်
မခံစားနိုင်ဘူးကွယ်
ငါ့အသက်တွေကို
နောက်တစ်နေ့အထိ
သေသေချာချာသိမ်းထားပေးစမ်းပါ
ဒီနေ့ ...
ငါ မင်းအကြည့်တွေကို
သေသေချာချာ ထုပ်ပိုးသွားချင်လို့ပါ။ ။

0 comments:

Post a Comment