မဖွင့်ပဲ ထားခဲ့တဲ့ ရင်ကွဲပက်လက်ကောင်းကင်

ဘဒ္ဒါ ...
နာကျင်မှုထက်သာလွန်သော
မြတ်နိုးခြင်းအားဖြင့်
နင်ပေးသွားတဲ့ နွေတစ်ပိုင်းကို
ငါ အစိမ်းအတိုင်းသိမ်းထားပါတယ်
ငါကတော့
တစ်နွေလုံးမြုံလာခဲ့ပြီးမှ
မပွင့်လိုက်ရတဲ့ မိုးရာသီပန်းတွေအတွက်ပဲ
နှမြောမိခဲ့တယ်
ဘဒ္ဒါ ...
နင်ခလုတ်ပိတ်ထားခဲ့တဲ့ မိုးရာသီအသေထဲ
နင်သင်းသတ်ထားခဲ့တဲ့
ငါ့ရဲ့ရေလောင်းပေါင်းသင်ဆဲ တိတ်တခိုးတွေထဲ
နင့်ရယ်သံတွေ ကြည်လင်ပြတ်သားနေတုန်းပဲ

နေကောင်းလား ... ဘဒ္ဒါ ...
ငါသိချင်တာက နင့်ကြောင့် ငါ
ဘာဖြစ်လို့ ခဏခဏသေတာလဲဆိုတာပါ
တွေးလို့မရပါဘူး
အခုထိ တွေးရင်းသေရင်းပဲ ... ဘဒ္ဒါ။

0 comments:

Post a Comment