ရွာပြင်က သီချင်း

ရေတိမ်မှာပျော်တဲ့
အရှက်တရားဖောင်းပွမှုတွေ
ကိုယ်ကျင့်တရားကို ခါးကကိုင်ပြီး
သွားကြားထိုးကြပြီ
( ကမ္ဘာကြီးနှင့် လမ်းလျှောက်အတူထွက်ဖို့
တာယာဖိနပ် တစ်ရံပေးပါ )
ငါ အဲဒီလိုပဲ
အိပ်နေလိုက်ချင်တော့တယ်
သူတို့ အဲဒီအစွန်းအနားမှာပဲ နေကြပါစေ
သူတို့အတွက်နေမင်းကိုပေးမလင်းတော့ဘူး
လူဖြစ်ကြောင်းသေချာသလားလို့
ကဗျာတစ်ပုဒ်ရေးပါတယ်
သံသယတွေက မိုးလိုရွာတယ်
တော်ပြီ ။ ။

0 comments:

Post a Comment