အမဲလိုက်ခြင်း

အမဲလိုက်ခြင်း

ကိုယ့်ဖာသာတည်ဆောက်ထားတဲ့ မြို့မှာ
ကိုယ်တိုင်မွေးထားတဲ့သားကောင်တွေကို ပစ်လို့
ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့ စားကျက်ထဲ
ယုန်လည်းသေသာ ကျားလည်းလျှောသာ ထောင်ချောက်တွေ
ဖွတ်မရရင် ကင်းလိပ်ဖမ်းပြန်မယ့်သူတွေကများသား
ဒီကြားထဲမှာ ကဗျာဆရာဆိုတာဟာလည်း
ဒဏ်ရာ ဗရပွနဲ့သားကောင်ဖြစ်နေခဲ့ရ
သူ့လက်ထဲဖမ်းမိတာဆိုလို့
ကဗျာ … ချည်း။


ကြက်သွန်

0 comments:

Post a Comment