ပုံပြင်ထဲက ကဗျာဆရာပြောခဲ့တဲ့ ပုံပြင်
တွေ့မိကြသလားဗျာ
ကဗျာဆရာတစ်ယောက်ဒီနားမှာပျောက်သွားပါတယ်
ဟိုနားကခပ်ကုပ်ကုပ် ပုံပြင်ထဲများဝင်သွားသလား
တွေ့ရင်ပြောကြပါဗျာ
ကဗျာဆရာရဲ့ပုံပန်းသဏ္ဍာန်ကဒီလိုရှိပါတယ်
သူကပုံပြောလည်းအရမ်းတော်ပါတယ်
သူကတစ်ခုမှာခဲ့ပါတယ်
သူကိုတွေ့အောင်ရှာနိုင်ရင် ပုံပြင်တစ်ပုဒ်ပြောပြမယ်တဲ့
ကျွန်တော့် ပုံပြင်ထဲက
ဗျာဆရာက
ဗျာတစ်ပုဒ်မဟုတ်တဲ့
ပုံပြင်တစ်ပုဒ် ပြောသွားပါတယ်။
အခုပုံပြင်ကလည်း ပဒေသရာဇ်ကဗျာဆရာပြောခဲ့တဲ့အတိုင်းပါပဲ
ကျွန်တော်လည်းသူ့ကို အခုထိရှာနေတုန်းပါပဲ
အခုထိသူပြောခဲ့တဲ့ ပုံပြင်လေးကိုပြောပြနေမိတုန်းပါပဲ
အမှန်တကယ်က ကဗျာဆရာတစ်ယောက်ဒီထဲမှာပျောက်နေတာပါ
တွေ့ရင်ပြောကြပါဗျာ
ကဗျာဆရာတစ်ယောက်ဒီအထဲမှာပဲပျောက်နေတာ။ ။
1 comments:
ထိပ်ဆုံးက ကဗျာက မန့်မရဘူး မန့်ချင်နေတာ
တကောင်ကောင်များ ဖမ်းမိရင် ဟင်းစားလေးများ ပေးပါအုန်းလို့
Post a Comment