အာဒံရဲ့ဝတ်ရုံအောက်မှာ နံရိုးအပိုတစ်ချောင်းရှိခဲ့တယ်

သစ္စာတရားက
အခုမှစူပါမားကတ်ကဆင်းလာသလိုမျိုး
ဟန်ဆောင် ...
မြွေတစ်ကောင်ကတွင်းထဲမှာရှိနေတယ်
ချုံပုတ်ထဲမှာရှိနေတယ်
အိပ်ယာအောက်မှာရှိနေတယ်

အန္တရာယ်ဟာ ကိုယ်နဲ့အိမ်နီးချင်းဖြစ်နေသလား
နောက်ကျောမလုံတာနဲ့ပဲအရှေ့တည့်တည့်ကိုမကြည့်နိုင်အားဘူး
နင်ငါ့ကိုချစ်သလား ...
ငါကနင့်ကိုချစ်သလား ...
ဖုန်းထဲမှာလည်းမပြောဖြစ်ကြဘူး

လက်နှစ်ဖက်ကိုအိမ်ရိုက်သံနဲ့တွဲထားလို့ရော ...
မြဲနိုင်ပါ့မလား ...
မျက်စိထဲအလင်းတန်းတွေက
ကန့်လန့်ဖြတ်စီးဆင်းကြ
သူအိပ်လို့ပျော်ပါ့မလား မစဉ်းစားမိခင်
အိပ်ပျော်သွားတဲ့ညတွေ ငါ့မှာရှိတယ်

ပန်းသီးတစ်လုံးကိုမကိုက်ဘဲနဲ့
စိတ်ရိုင်းတွေက၀င်ဝင်လာတယ်လေ
ဘယ်လိုဖွတ်ဖြူရမလဲ မတွေးတော့ဘူး
သစ္စာတရားက ဟိုဖက်ကမ္ဘာမှာတော့ဈေးကောင်းရနိုင်သေးရဲ့

အဲဒါနဲ့ပဲ
အပိုဆောင်ထားမိတဲ့ နံရိုးတစ်ချောင်းအကြောင်း
ဘယ်သူ့ကိုမှပြောမပြဖြစ်တော့ဘူး။    ။

                                                                        ကြက်သွန်

1 comments:

dar lay kyite tae.
sate yae. tazatmyate mhar kyatthon-mate ka lay lo chate htarr lite p :)

 

Post a Comment