ကဗျာ မနှုတ်လောက် အမှိုက်လာ

ရတတ်သမျှ စကားလုံးအကောင်းစား (ထင်ရတာပဲ)တွေနဲ့

တစ်ထီးတစ်နန်းဆန်နေရတာ မောတယ်

ဆန်နေရတာ လေလား၊ ရေလား၊ ကဗျာလား

(တချို့ကဗျာတွေရဲ့ အပေါစားဆန်ပုံ ဒီမှာကျွန်တော်ပြောမယ်

ကျွန်တော်တတ်သလောက်ဟာ ကျွန်တော်

မှတ်ထားသလောက်သာဖြစ်ပါတယ်) ရိုးသား

စမ်းပါ … ထိမိတာတွေ တွေ့မိတာတွေ စမ်းပါ

ဆန်းပါ လိပ်စာတပ်မထားတဲ့ ခေါင်းစဉ်ပဲ

ကြိုက်ရာလမ်းကိုသာရွေး ကိုယ့်ဖာသာကိုယ်

ဘီယာတစ်ဗူးထက်ပိုမူးနေလိုက်တာများ

မင်းပြောမှလားတဲ့

သော့နဲ့သော့ခလောက်ဟာ ရိုးသားတဲ့လက်အတွက်မဟုတ်

ဘူးဆိုတာ ကဗျာဟာ(အတင်းကြီး) ကမ္ဘာဆန်ပြနေရအောင်

သူက ဖန်ဆင်းရှင်လက်ထဲက ထွက်ကျလာတာမဟုတ်ဘူးလေ

ဟုတ်တယ် … ဟုတ်တယ်

ဖန်တီးသူရဲ့ အတွင်းသား(စစ်စစ်)

အတွင်းကရိုးသားခြင်းဟာ ကဗျာ

ဆိုတာ ဘာတွေခြစ်ထားမှန်းမသိရလောက်အောင်ကို

မင်း ရိုးသားကြည့်လိုက် ဦးနှောက်ထဲမှာ

အမှိုက်တွေ … အမှိုက်ပစ်ဦးမလား

အမှိုက်တွေ … အမှိုက်တွေ

အမှိုက်တွေ …။ ။

0 comments:

Post a Comment